MUC

Print Friendly and PDF

Wednesday, February 15, 2017

ယောကျာ်းသားတို့သတိထားရမယ့် အချက်(၆)ချက်

ယောကျာ်းလေးအများစုလုပ်တတ်တဲ့အလေ့အကျင့်တစ်ချို့ဟာ အရေးပါဆုံးအရာဖြစ်တဲ့ မျိုးပွားတဲ့နေရာမှာအရေးအကြီးဆုံး သုတ်ပိုးတွေကို ဖျက်ဆီးနေသလိုဖြစ်တတ်ကြပါတယ်။

၁။ ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ထားတာ
ဒါဟာ ယောကျာ်းအတော်များများလုပ်တတ်ကြတဲ့ အကျင့်ပါ။ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့အခါ ဖုန်းလာတဲ့အချိန် ထွက်တဲ့လှိုင်းတွေနဲ့ တုန်ခါမှုတွေဟာ သင့်ရဲ့ သုတ်ပိုးအရေအတွက်ကို ၉ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပါတယ်။ ဒါကြောင့် သင်တစ်နေ့ကျန်းမာသန်စွမ်းတဲ့ ဖခင်တစ်ယောက်ဖြစ်ချင်သေးရင် ဒီအကျင့်ကို အရင်ပြင်သင့်ပါတယ်။




၂။ အပူချိန်များတဲ့နေရာမှာနေတာ
အမျိုးသားတွေရဲ့ ဝှေးစေ့အနေနဲ့ အပူချိန် ၄ဒီဂရီရှိတဲ့အနေအထားမှာပဲ သုတ်ကောင်တွေများများထုတ်လုပ်နိုင်တာပါ။ ဒီ့ပိုများတဲ့ အပူချိန်အနေအထားဟာ သုတ်ပိုးတွေကို ထိခိုက်စေနိုင်ပါတယ်။



၃။ အဝလွန်ခြင်း
အဝလွန်နေတဲ့အမျိုးသားတစ်ယောက်မှာ မျိုးအောင်နိုင်ချေနည်းပါးပြီး သုတ်ပိုးအားနည်းပါတယ်။


၄။ စိတ်ဖိစီးမှု
သင့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးဟာ သုတ်ပိုးတွေအပေါလဲ သက်ရောက်မှုရှိပါတယ်၊ စိတ်ဖိစီးမှုများနေရင် သုတ်ပိုးအားကောင်းနိုင်မှာမဟုတ်ပါဘူး။

၅။ ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာဟာ သင့်ရဲ့ဝှေးစေ့နေရာတစ်ဝိုက် သွေးလည်ပတ်မှုလျော့ကျစေပြီး သုတ်ပိုးအရေအတွက်ကိုလဲ လျော့ကျစေပါတယ်။


၆။ အရက်သောက်တာ
အရက်ကိုတစ်နေ့ငါးခွက်ထက်ပိုသောက်မယ်ဆိုရင်တော့ သင့်ရဲ့ သုတ်ပိုးအရည်အသွေးကို လျော့ကျစေမှာဖြစ်ပါတယ်။

source: maleslife

To get the latest update of me and my works

>> <<